ခရီးသွားရင်ကားမူးတတ်သူများ ဖယောင်းတိုင်လေးသာ ဆောင်ထားပါ

ကျတော်ငယ်ငယ် ကားစီးရတာကြိုက်ပေမဲ့ အသက်20 လောက်မှာ ကားစီးရင် ကားမူးလာပါတယ် ကားမူးတက်တဲ့ ကျတော့သောက်ကျင့်ကို ကျတော်လွန်စွာမှမုန်းပါတယ်…..

ကားစီးရင်ကားမူးပျောက် ဆေးသောက်ရပါတယ် မသောက်ဘဲကားစီးမိရင် လူကမူးမော့နေတာတစ်နေ့ ကျတော်မန်းလေးသွားတော့ ကားမူးသောက်ဆေးသောက်တာ မသက်သာဘဲ ဖြစ်နေတာ မူးချက်ကတော့ လက်ကုန်ပါဘဲ….

ဖြစ်ချင်တော့ ကျတော့ဘေးကကျတော်ဆရာမ ဒေါ်သန့်သန့်ဝင်းက လိုက်လာတာပါ ဆရာမကပြောတယ်ကားမူးရင် ဖယောင်းတိုင် ရင်ဘက်ထဲ ထည့်ထားတဲ့ လုံးဝကောင်းတယ် လက်တွေ့တဲ့ ဆရာမပြောပြောချင်းတုန်းက နည်းနည်းကြောင်သွားတယ် ကားမူးတာနဲ့ ဖယောင်းတိုင်နဲ့ ဘာဆိုင်လည်းပေါ့……

ဆရာမစကားဆိုတော့လည်း နားထောင်ရတာပေါ့ အဲလိုနဲ့ ကျတော် ရွှေတောင်ဦးနားကားရပ်တော့ စတိုးဆိုင်မှာ ဖယောင်းတိုင်ဆင်းဝယ်ပြီး ရင်ဘက်ထဲ တစ်ဖက် သုံးချောင်းဆီကို ထိုးထည့်လိုက်ပါတယ်……

ဆိုင်ကကောင်မလေးက အမ ဘာဖြစ်လို့လည်းတဲ့မေးပါလေရော ကျတော်ကလည်း အေး ငါလည်းမလုပ်ဖူးဘူးငါ့ဆရာမကလုပ်ဆိုလို့လုပ်တာ ကားမူးပျောက်တယ်ဆိုလို့ လို့ ပြောလိုက်ပါတယ်…..

တစ်ကယ်လည်း ဖယောင်းတိုင်ထည့်ပြီးရော့ 5 မိနစ်လောက်နေတော့ ခေါင်းကကြည်လာပါတယ် ရွှေတောင်ဦးကနေ မန်းလေးအထိ ကားမမူးတော့ပါဘူး ကျတော်ဆို ဆရာမကို ကျေးဇူးတင်လွန်းလို့ကျတော် ဖယောင်းတိုင်ထည့်ပြီး 5 ခါလောက် စီးပြီးပါပြီ စီးတိုင်းမမူးဘူးဆိုတာ စမ်းသပ်ပြီးမှ ဒီစာကို မျှဝေပြီးတင်ပေးတာပါ…….

ကားမူးတဲ့ ညီမ နှစ်ယောက်ကိုလည်း စမ်းထည့်ပြီးပြီ သူတို့လည်း ကားမမူးတော့ဒီလိုလေး လုပ်ရင် ဒီလိုလေးဖြစ်တယ်ဆိုတာ သိစေချင်လို့ပါ အရမ်းနံပြီး အရမ်းအေးတဲ့ air ကားတွေတော့ မစမ်းသပ်ရသေးဘူးပေါ့လေ…..

မှတ်ချက် ။ ။ ဖယောင်းတိုင်ထည့်ရင် ချိုးထည့်ပါလေ ချိုးမထည့်လို့ ထိုးထိုးထောင်ထောင်ဖြစ်နေရင် ဘာကြီးလည်း ဟ ဆိုပြီး ဝိုင်းကြည့်ခံနေရအုံးမယ်အမျိုသားတွေကတော့ ရင်ဘက်ကို တိတ်နဲ့ကပ်ပေါ့လေ အမျိုးသမီးတွေကတော့ အိကျီင်္နှစ်ထပ်ဝတ်ထားရတာဆိုတော့ ဒီတစ်ခါတော့ အားသာချက်ရတာပေါ့နော…….

ဖယောင်းတိုင်က ဘယ်/ ညာ နှစ်ဖက်လုံးထည့်ရတာနော်ဘယ်ဘက်တစ်တိုင် ညာဘက်တစ်တိုင် အရမ်းမူးရင် တစ်ဖက် နှစ်တိုင်ဆီ ထည့်ပေါ့အရမ်းမူးရင် များပြီးထည့်ပေါ့ သုံးခါလောက်ပြန်သုံးလို့ရပါတယ်။

စေတနာများစွာဖြင့် မျှဝေရင်း
မိုးမိုးပိုင်

Add a Comment

Your email address will not be published. Required fields are marked *