ငွေတိုးယူပြီး ဆေးမကုပါနဲ ဆေးရုံကြီးသာရောက်အောင်လာခဲ့ပါ ကူညီပါ့မယ် ဆိုတဲ့လူငယ်လေး

မုံရွာ ပြည်သူ့ဆေးရုံကြီး မှာ ဆေးရုံတက်ရင်း ဆေးဖိုးအတွက် ငွေကြေးအခက်ခဲဖြစ်နေလားကျွန်တော့်ဆီကိုဆက်သွယ်လိုက်ပါ။စီစစ်ပြီး တကယ် နွမ်းပါးလူနာဖြစ်ပါက ရေချမ်း ဆေးဆိုင်မှာ ဘေ ဖွင့်ပေးပြီး လူနာရေးရုံဆင်းသည်အထိတာဝန်ယူပေးပါမယ်ခဗျာလက်ရှိ ကူညီပေးနေတဲ့လူနာနှစ်ယောက်ကတော့ဆေးရုံဆင်းသွားကြပါပြီ။

လူနာနှစိဦးအတွက် စုစုပေါင်းဆေးဖိုး ၁၄၂၆၀၀ ရှင်းပေးခဲ့ပါပြီခဗျ။တကယ်ကို နွမ်းပါးပါက တကယ်ကူညီပေးပါမယ်မိတ်ဆွေကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် မိတ်ဆွေအသိမိတ်ဆွေဖြစ်စေ မိတ်ဆွေပတ်ဝန်းကျင်မှာ နွမ်းပါးလူ တွေ့သည်ဖြစ်စေဆက်သွယ်လို့ရပါတယ်ခဗျာ။

အကူညီလို လို့ခေါ်ရင် ပထမဦးစွာ လိုက်ကြည့်ပါတယ် လိုက်ကြည်တိုင်းတော့ မကူညီပါဘူးခဗျ ကူညီထိုက်မှ တကယ်နွမ်းပါးမှ သာ ကူညီမှာပါခဗျာ(မုံရွာ မြို့တစ်မြို့တည်းသာ)စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းမြို့များဖြစ်တဲ့

ဖောင်ပြင် မော်လိုက် ကလေး မင်းကင်း ဟုမ္မလင်းခန္တီးအစရှိတဲ့မြို့များကနေ မုံရွာ ဆေးရုံကြီးကိုလွဲတဲ့အခါဆေးဝါးအတွက် ငွေကြေးအခက်ခဲဖြစ်ရင်လဲ ဆက်သွယ်ပါနော့ မုံရွာ ဆေးရုံကြီး ကိုသာရောက်အောင်လာခဲ့ပါ အဆင်ပြေသလိုကူညီပေးပါမယ်

ပစ်မထားပါဘူး တချို့လဲ ရှိတယ်လေ တစ်နေ့လုပ်တစ်နေ့စား စားဝတ်နေရေးတောင်ရုန်းကန်နေရချိန် ကျန်းမာ ရေးရုတ်တရက်ထဖြစ်ရင် အခက်ခဲ ဖြစ်ကြတယ်လေ ငွေတိုးယူပီးဆေးမကုပါနဲ့ တစ်ပူပေါ် နှစ်ပူဆင့်ပါတယ်ကိုယ်ချင်းစာလို့ပြောတာပါ

ဒီမှာ အလှူရှင်တွေနဲ့အတူလက်တွဲပြီး အခက်ခဲဖစ်တဲ့ မိတ်ဆွေတွေကို ကူညီပေးပါမယ်ခဗျကျွန်တော် ဇာတိက ဖောင်းပြင်မြို့နယ် နန်းမော်လိုက်ရွာ လေးကပါခဗျာ လက်ရှိ မုံရွာ မှာနေပါတယ်ကူညီပေးနိုင်တဲ့ အရာမှန်သမျှကူညီပေးပါ့မယ်ဗျ

သူက ကူညီတာနဲ့ပတ်သတ်ပြီး ခုလိုရေးသား ထားပါသေးတယ် မုံရွာ မြို့ပေါ်မှာရှိတဲ့ နွမ်းပါးလူနာနဲ့ မုံရွာ ဆေးရုံကြီးမှာ အနယ်နယ်အရပ်ရပ်ကတက်ရောက်လာကြသော နွမ်းပါးလူနာများအတွက်ရည်ရွယ်ပါတယ်နောက်လကစပြီး နွမ်းပါးလူနာတွေအတွက် လစဉ်အလှူငွေစု ဘဏ်မှာအပ်(ဘဏ်အပ်တဲ့အခါမှာ၃ ယောက် ထားပါမယ်)

လှူနာတစ်ဦးပေါ်လာတိုင်း ပြာယာပြာယာ ပြေးပြေးလွှား လွှား အလှူခံနေရတာ မလွယ်လွန်းလို့ပါ လူနာတွေကလဲ များလာတော့ အခက်ကြုံလာတယ်ကျွန်တော် ကလဲစီးပွားရေးတစ်ဖက် လူမူရေးတစ်ဖက်အလှူရှင်တွေကလဲ စီးပွားရေးတစ်ဖက်နဲ့ဆိုတော့တစ်ခါလေ အလှူငွေတွေ သွားကောက်ရတဲ့အခါအခက်ခဲ အများကြီးရှိလို့ပါ

ဒါကြောင့် လစဉ်အလှူငွေ ကောက်ပီးကူညီမူလုပ်ဖို့အစီစဉ် ဆွဲ လိုက်တာပါ ကူရာမဲ့နေသော အမှန်တကယ် ဒုက္ခ ဖြစ်နေသောလူနာများကိုသာ ကူညီမှာပါခဗျာလူနာလက်ထဲကို ပိုက်ဆံမထည့်ပေးပါဘူး ရေချမ်းဆေးဆိုင်မှာ ဘေဖွင့်ပြီး ဆေးဖိုးဝါးခကိုသာ ကူညီပေးမှာပါ ဆေးရုံတက်နေစဉ် လူနာနဲ့ အလူနာစောင့် စားသောက်ဖို့အတွက်လဲ ကူညီပေးပါမယ်

ကျန်းမာရေး ကိုသာ သီးသန့်ကူညီပေးမှာပါခဗျာ အဓိကတော့ ငွေကြေးမရှိလို့ ဆေးရုံမတက်နိုင်ဘူးဆိုတာမဖြစ်ချင်လို့ပါဗျာတကယ်အခက်ခဲ ဖြစ်နေသူတွေကိုတကယ်ကူညီပေးပါ့မယ်ခဗျာအလှူငွေကိုလဲ တစ်လတစ်ခါ မိမိနိုင်သလောက်သာထည့်ဝင်လှူဒါန်းလို့ရပါတယ်ခဗျာ

လူနာတစ်ဦးကူညီပေးပြီးတိုင်းရှင်းတမ်း Bank statement ထုတ်ပေးသွားပါမယ်ခဗျာပူးပေါင်းကူညီ လက်တွဲ လိုပါက ဖုန်းဖြင့် ဖြစ်စေ cb ကနေဖြစ်စေ com ကနေဖြစ်စေ ဆက်သွယ်လို့ရပါတယ်ဗျ

မိမိတို့ပတ်ဝန်းကျင်မှာ ကူရာမဲ့နေတဲ့လူနာ အဖိုးကြီးအဖွားကြီးရှိရင်လဲ ဆက်သွယ်ပါခဗျာ တကယ်ကိုအကူညီလိုအပ်နေတယ်ဆိုရင်တကယ်ကို ကူညီပေးပါမယ်ဗျ(မုံရွာ မြို့တစ်မြို့ထဲသာ ကူညီနိုင်အုံးမှာပါခဗျာ)မုံရွာ မြို့ မွန်မြတ် သွေးလှူ ရှင်အသင်း။ကိုမွန်မြတ် ၀၉၉၇၄၁၁၄၉၁၉ ၊ ၀၉၇၉၃၀၃၅၃၂၆

(လေးစားမှုဖြင့် ခရက်ဒစ်)

Add a Comment

Your email address will not be published. Required fields are marked *