အနက်ရောင်ဖက်ရှင်နဲ့ အရမ်းလန်းပြလိုက်တဲ့ မတ်မတ်သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေကြားမှာ ကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ အနုပညာလောကကို လျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သင်ဇာကတော့ လတ်တလောမှာလည်း ပွဲတွေကို ဆက်တိုက်တက်ရောက်နေတာဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာလည်း The Artist Bar Opening Event ကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ အနက်ရောင်ကိုယ်ကြပ်ဖက်ရှင်နဲ့ အရမ်းကို မိုက်နေတဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေကို သူမရဲ့ အလှနဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။

သင်ဇာရဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။ သင်ဇာကတော့ “မြမြ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်ပြီးတော့ သရုပ်ဆောင်နေတာဖြစ်လို့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Add a Comment

Your email address will not be published. Required fields are marked *